let’s techclub.
BUILD YOUR NEXT CHAPTER

အခြေခံကနေ
ကိုယ်တိုင် တည်ဆောက်နိုင်တဲ့အထိ။

Tech ကို စိတ်ဝင်စားတာကနေ လက်တွေ့လုပ်တတ်တဲ့အထိ။ သင့်အဆင့်နဲ့ ကိုက်ညီတဲ့ သင်တန်းကို ရွေးပြီး Let’s Tech Club နဲ့အတူ ရှေ့ဆက်ပါ။

သင့်အတွက် သင်တန်းရွေးမယ် မသေချာသေးဘူးလား။ အကြံဉာဏ်ရယူမယ်
100+ builders. 18 teams.Let’s Tech Hackathon · Agentic Editionအတူတကွ တည်ဆောက်ခဲ့ကြပုံ ကြည့်မယ် ↗
YOUR LEARNING PATHအဆင့်လိုက် သင်ယူမယ်
01
အစက စမယ်Programming Foundation
02
အခြေခံကို ခိုင်မာစေမယ်Web Foundation
ထပ်ဆောင်း ကျွမ်းကျင်မှုAgentic Development

အခြေခံရှိပြီးသားလား။ သင့်အဆင့်နဲ့ ကိုက်ညီတဲ့နေရာက စနိုင်ပါတယ်။

စတင်ရာနေရာ တစ်ခု။
ရှေ့ဆက်ဖို့ ရွေးချယ်စရာတွေ။

02Foundation သင်တန်း
02အထူးပြု လမ်းကြောင်း
01Agentic Add-on
FIND YOUR STARTING POINT

သင့်ရဲ့ နောက်တစ်ဆင့်က
ဘယ်သင်တန်းလဲ။

အစမှ လေ့လာမယ့်သူဖြစ်ဖြစ်၊ ရှိပြီးသားအခြေခံကို ဆက်တိုးချင်သူဖြစ်ဖြစ် — သင့်ရည်မှန်းချက်နဲ့ ကိုက်ညီတာကို ရွေးပါ။

01

အခြေခံက စတင်မယ်

Programming → Web

01 / FOUNDATION

Programming Foundation Course

Code ကို နားလည်ပြီး ပြဿနာတွေကို အဆင့်လိုက် ဖြေရှင်းတတ်ဖို့ အခြေခံကနေ စတင်ပါ။

ဘယ်သူတွေအတွက်လဲ

Programming ကို အခုမှ စလေ့လာမယ့်သူများ

  • Programming အခြေခံအယူအဆများ
  • ပြဿနာကို အဆင့်လိုက် စဉ်းစားဖြေရှင်းခြင်း
  • Code ကို ကိုယ်တိုင် ရေးသားလေ့ကျင့်ခြင်း

ဖွင့်လှစ်မည့်အချိန်ကို မေးမြန်းနိုင်ပါတယ်

သင်တန်းအကြောင်း မေးမယ်
02 / FOUNDATION

Web Foundation Course

Programming အခြေခံကို အသုံးချပြီး Web အလုပ်လုပ်ပုံနဲ့ Website တည်ဆောက်ခြင်းကို ဆက်လေ့လာပါ။

ဘယ်သူတွေအတွက်လဲ

Programming အခြေခံရှိပြီး Web ကို စိတ်ဝင်စားသူများ

  • Web အလုပ်လုပ်ပုံကို နားလည်ခြင်း
  • Website တည်ဆောက်ခြင်း အခြေခံများ
  • နောက်တစ်ဆင့်အတွက် လက်တွေ့အခြေခံ တည်ဆောက်ခြင်း

ဖွင့်လှစ်မည့်အချိန်ကို မေးမြန်းနိုင်ပါတယ်

သင်တန်းအကြောင်း မေးမယ်
02

လမ်းကြောင်းတစ်ခု ရွေးမယ်

Fullstack သို့မဟုတ် DevOps

03 / SPECIALIZATION

Fullstack Web Developer Course

Frontend ကနေ Backend အထိ ချိတ်ဆက်ပြီး ကိုယ်ပိုင် Web Application တွေ တည်ဆောက်ဖို့ လေ့လာပါ။

ဘယ်သူတွေအတွက်လဲ

Web အခြေခံရှိပြီး Application တစ်ခုလုံး တည်ဆောက်ချင်သူများ

  • Frontend နဲ့ Backend ချိတ်ဆက်ခြင်း
  • API နဲ့ Database များ
  • Project တစ်ခုကို တည်ဆောက်ပြီး ဖြန့်ချိခြင်း
04 / SPECIALIZATION

DevOps Foundation Course

Software တွေကို စနစ်တကျ ဖြန့်ချိဖို့၊ အလိုအလျောက် အလုပ်လုပ်စေဖို့နဲ့ ထိန်းသိမ်းဖို့ လေ့လာပါ။

ဘယ်သူတွေအတွက်လဲ

Web အခြေခံရှိပြီး Deployment နဲ့ Infrastructure ကို စိတ်ဝင်စားသူများ

  • Deployment အခြေခံများ
  • CI/CD နဲ့ Automation
  • Infrastructure ကို စနစ်တကျ စီမံခြင်း
GO ONE STEP FURTHER

သင့်ကျွမ်းကျင်မှုကို
AI နဲ့ ထပ်တိုးမယ်။

Agentic Development က ရှိပြီးသား Development အခြေခံအပေါ်မှာ ဆက်လက်တည်ဆောက်ဖို့ ထပ်ဆောင်းသင်တန်းပါ။

ADD-ON

Agentic Development Course

ရှိပြီးသား Development ကျွမ်းကျင်မှုကို AI Agent တွေနဲ့ ပေါင်းစပ်ပြီး ပိုမိုထိရောက်စွာ တည်ဆောက်ပါ။

ဘယ်သူတွေအတွက်လဲ

Development အခြေခံရှိပြီး AI Agent တွေနဲ့ အလုပ်လုပ်ချင်သူများ

  • AI Agent တွေနဲ့ Development Workflow
  • ထွက်လာတဲ့ Code ကို စစ်ဆေးတိုးတက်စေခြင်း
  • လက်တွေ့ Project တွေမှာ AI ကို အသုံးချခြင်း

ဒီအစဉ်က အကြံပြုလမ်းကြောင်းပါ။ အခြေခံရှိပြီးသားဆို သင့်အဆင့်နဲ့ ကိုက်ညီတဲ့နေရာက စနိုင်ပါတယ်။ ဝင်ခွင့်သတ်မှတ်ချက်ကို သင်တန်းတစ်ခုချင်းမှာ စစ်ဆေးပါ။

LESS GUESSING. MORE LEARNING.

ဘာလုပ်ရမလဲဆိုတာ
အမြဲ ရှင်းရှင်းလင်းလင်း။

သင်တန်းရွေးချယ်တာကနေ နေ့စဉ်လေ့လာတာအထိ၊ သင့်ရဲ့ နောက်တစ်ဆင့်ကို လွယ်လွယ်ကူကူ သိနိုင်ဖို့။

01

သင့်အတွက် ရွေးချယ်ပါ

သင်ရိုး၊ လိုအပ်တဲ့အခြေခံ၊ ကြာချိန်နဲ့ သင်တန်းကြေးကို အရင်ကြည့်ပါ။ မသေချာတာရှိရင် မေးမြန်းနိုင်ပါတယ်။

02

ကိုယ့်အရှိန်နဲ့ ရှေ့ဆက်ပါ

နောက်ဆုံးလေ့လာခဲ့တဲ့နေရာက ပြန်စပါ။ သင်ခန်းစာ၊ မှတ်စုနဲ့ သင်ယူမှုတိုးတက်မှုကို တစ်နေရာတည်းမှာ ကြည့်ပါ။

03

အတူတကွ လေ့လာပါ

သင့်သင်တန်းမှာ ပါဝင်တဲ့ လေ့ကျင့်ခန်း၊ Assignment နဲ့ Live Class တွေကို လိုက်လုပ်ပြီး Community နဲ့ ချိတ်ဆက်ပါ။

REAL PEOPLE. REAL COLLABORATION.

တစ်ယောက်တည်း
လေ့လာနေစရာ မလိုပါဘူး။

Let’s Tech Hackathon — Agentic Edition မှာ စိတ်ကူးတွေကို လက်တွေ့ Demo အဖြစ် ပြောင်းဖို့ အတူတကွ လေ့လာ၊ ဆွေးနွေး၊ တည်ဆောက်ခဲ့ကြပါတယ်။

100+ပါဝင်တည်ဆောက်သူ
18အသင်း
LET’S TECH HACKATHON · AGENTIC EDITION

လေ့လာရင်း တည်ဆောက်။ တည်ဆောက်ရင်း တိုးတက်။

BEFORE YOU BEGIN

စမလေ့လာခင်
သိချင်တာတွေ။

ထပ်မေးချင်တာ ရှိသေးလား။

Messenger မှာ မေးမယ်
အခုမှ စလေ့လာမယ်ဆို ဘယ်သင်တန်းက စသင့်လဲ။

Programming Foundation ကနေ စပြီး Web Foundation ကို ဆက်လေ့လာဖို့ အကြံပြုပါတယ်။ အဲဒီနောက် သင့်စိတ်ဝင်စားမှုအလိုက် Fullstack သို့မဟုတ် DevOps ကို ရွေးနိုင်ပါတယ်။ Foundation သင်တန်းဖွင့်လှစ်မှုကို Messenger မှာ မေးမြန်းနိုင်ပါတယ်။

သင်တန်းအားလုံးကို အစဉ်လိုက် တက်ရမှာလား။

ဒီလမ်းကြောင်းက အကြံပြုချက်ဖြစ်ပါတယ်။ အခြေခံရှိပြီးသားဆို သင့်အဆင့်နဲ့ ကိုက်ညီတဲ့ သင်တန်းကို ရွေးနိုင်ပါတယ်။ သင်တန်းတစ်ခုချင်းရဲ့ လိုအပ်တဲ့အခြေခံနဲ့ ဝင်ခွင့်သတ်မှတ်ချက်တွေကို အသေးစိတ်စာမျက်နှာမှာ ကြည့်ပါ။

Agentic Development ကို ဘယ်အချိန်မှာ တက်သင့်လဲ။

Development အခြေခံရှိပြီး AI Agent တွေနဲ့ အလုပ်လုပ်ပုံကို ဆက်လေ့လာချင်တဲ့အခါ ရွေးချယ်နိုင်တဲ့ ထပ်ဆောင်းသင်တန်းပါ။ Foundation သင်တန်းတွေအစား တက်ရမယ့်သင်တန်း မဟုတ်ပါဘူး။

Live သင်တန်းလား၊ Recorded သင်တန်းလား။

သင်တန်းအလိုက် သင်ကြားမှုပုံစံ ကွာခြားနိုင်ပါတယ်။ လက်ရှိသင်ကြားမှုပုံစံ၊ သင်ခန်းစာနဲ့ အချိန်ဇယားကို သက်ဆိုင်ရာ သင်တန်းစာမျက်နှာမှာ စစ်ဆေးပါ။

ဘယ်လို စာရင်းသွင်းပြီး ငွေပေးချေရမလဲ။

သင်တန်းရွေးပြီး အကောင့်ဝင်ပါ သို့မဟုတ် အကောင့်ဖွင့်ပါ။ Checkout မှာ ဖော်ပြထားတဲ့ KBZ Pay အချက်အလက်အတိုင်း ငွေပေးချေပြီး ပြေစာတင်ပါ။ တာဝန်ရှိသူက ပြေစာကို စစ်ဆေးအတည်ပြုပြီးမှ သင်တန်းကို စတင်လေ့လာနိုင်ပါမယ်။

ဘယ်သင်တန်းရွေးရမလဲ မသေချာသေးရင် ဘာလုပ်ရမလဲ။

သင့်ရဲ့ လက်ရှိအခြေခံနဲ့ သင်ယူချင်တဲ့ ရည်မှန်းချက်ကို Messenger မှာ ပြောပြပါ။ သင့်အတွက် သင့်တော်မယ့် စတင်ရာနေရာကို ရွေးချယ်ဖို့ ကူညီပေးပါမယ်။

YOUR NEXT CHAPTER STARTS HERE

ပထမခြေလှမ်းကို
ဒီနေ့ ရွေးချယ်လိုက်ပါ။

သင့်အခြေခံ၊ သင့်ရည်မှန်းချက်၊ သင့်အတွက် သင့်တော်တဲ့လမ်းကြောင်း။

သင့်အတွက် သင်တန်းရွေးမယ်
မေးမြန်းရန်